The Central Yangon
Select a label on the image to open that project.
Thre Central Yangon (R1)
The Central Yangon (R2)
The Central Yangon (R3 A)
The Central Yangon (R3 B)
The Central Yangon (FAMCP)
The Central Yangon (R8 A)
The Central Yangon (R8 B)
Shopping Center
SOHO
S1
S2
History Notes
၁။ The Central Project သည် Marga Landmark Development Co., Ltd. မှ အကောင်အထည်ဖော် ဆောက်လုပ်နေသည့် Project ဖြစ်ပါသည်။
၂။ The Central Project နှင့်ပတ်သက်၍ “မူ” အားဖြင့် Approve in Principle (AIP) ခွင့်ပြုချက်ပေးနိုင်ရန် HPBC မှ စစ်ဆေးခဲ့ခြင်းမရှိပါ။
၃။ The Central Project တွင် Shop House (S1 & S2) (၂) လုံး ၊ Shopping Center (၁)လုံး ၊ Retails (၁)လုံး ၊ Tunnel ၊ Central Garden & Pool ၊ Residential Building (၄)လုံး (R1 & R2 ၊ R8-A&B ၊ R3-A&B) ၊ Fully Automatic Mechanical Car Parking Building (FAMCP) (၁)လုံး ၊ SOHO Office (၁)လုံး စုစုပေါင်း အဆောက်အအုံ (၁၀)လုံး စသည်တို့ ပါဝင်ပါသည်။
၄။ အထက်တွင်ဖော်ပြထားသော အဆောက်အအုံများအနက်မှ Shop House (S1 & S2) ၊ Shopping Center ၊ Retails & Tunnel နှင့် Central Garden & Pool စသည်တို့အား YCDC မှ စိစစ်ခွင့်ပြုလျက်ရှိပါသည်။
၅။ YCDC မှ HPBC သို့ပေးပို့လာပြီး စစ်ဆေးလျက်ရှိသည့် အဆောက်အအုံများနှင့် စစ်ဆေး ထောက်ခံပြီးသော အဆောက်အအုံများမှာ လူနေအဆောက်အအုံများဖြစ်သည့် R1 ၊ R2 ၊ R3 (A&B) ၊ R8 (A&B) နှင့် ကားရပ်နားရန်အတွက် Fully Automatic Mechanical Car Parking (FAMCP) စသည်တို့ဖြစ်ပါသည်။
၆။ R1 & R2 အဆောက်အအုံအား (၁၄.၇.၂၀၁၆) တွင် YCDC မှ HPBC သို့ Design စစ်ဆေးရန် ပေးပို့ခဲ့ပါသည်။ HPBC မှ ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်အတွင်းတွင် Deep Excavation ၊ Foundation ၊ Architecture ၊ Structure နှင့် MEP Design ထောက်ခံချက်အသီးသီးအား YCDC သို့ ပေးပို့ ပြီးဖြစ်ပါသည်။ Revised ဖြစ်သည့် Design များအားလည်း ၂၀၁၉ ခုနှစ်အတွင်းတွင် YCDC သို့ ထောက်ခံချက်ပေးပို့ပြီးဖြစ်ပါသည်။ ယခုအချိန်တွင် R1 & R2 အဆောက်အအုံသည် BCC ကျပြီးဖြစ်၍ လူအများလည်းအသုံးချနေထိုင်နေပြီ ဖြစ်ပါသည်။
၇။ R8 (A&B) အဆောက်အအုံအား (၇.၈.၂၀၁၉) တွင် YCDC မှ HPBC သို့ Design စစ်ဆေးရန် ပေးပိုခဲ့ပါသည်။ HPBC မှ ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ခုနှစ် အတွင်းတွင် Deep Excavation ၊ Foundation ၊ Architecture ၊ Structure နှင့် MEP Design ထောက်ခံချက်အသီးသီးအား YCDC သို့ ပေးပို့ပြီးဖြစ်ပါသည်။ Revised ဖြစ်သည့် Design များအားလည်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ အတွင်းတွင် YCDC သို့ ထောက်ခံချက်ပေးပို့ပြီးဖြစ်ပါသည်။ R8A&B ၏ Piling လုပ်ငန်းများဆောက်ရွက်ပြီးစီးပြီးနောက် R8B မှာရပ်နားထားပြီး R8A အား ဆက်လက်ဆောင်ရွက်ရာ ယခုအချိန်တွင် 6th to 7th Floor ထိ ဆောင်ရွက်ပြီးစီးကြောင်းတွေ့ရှိရပါသည်။
၈။ Fully Automatic Mechanical Car Parking (FAMCP) အဆောက်အအုံအား (၂၀.၈.၂၀၁၈) နှင့် (၈.၂.၂၀၁၉) တွင် YCDC မှ HPBC သို့ Design စစ်ဆေးရန် ပေးပို့ခဲ့ပါသည်။ HPBC မှ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် အတွင်းတွင် Deep Excavation၊ Foundation ၊ Architecture ၊ Structure နှင့် MEP Design ထောက်ခံချက်များကို YCDC သို့ ပေးပို့ပြီးဖြစ်ပါသည်။ Phase 1 နှင့် Phase 2 ရှိရာ Phase 1 first floorထိ တည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။
၉။ R3 (A&B) အဆောက်အအုံနှင့်ပတ်သက်၍ Piling စစ်ဆေးပေးရန် YCDC Letter ကို (၆.၁၂.၂၀၂၂) ရက်နေ့တွင် ရရှိခဲ့ပါသည်။ ကုမ္ပဏီ မှ ရွေးချယ်ခဲ့သော Old Method ဖြင့် (၁၂.၁၂.၂၀၂၂) ရက်နေ့တွင် Piling Recommendation ပေးခဲ့ပါသည်။ ထိုနောက် Piling လုပ်ငန်းဆောင်ရွက်ရာ စုစုပေါင်း Bored Pile ( ၇၆လုံး ) ရှိရာ ( ၃၂လုံး ) ထိပြီးစီးပြီး ရပ်နားနေကြောင်းတွေ့ရှိရပါသည်။ ၂၀၂၂ ခုနှစ်တွင် Developer မှ Architectural ၊ Superstructure နှင့် MEP Design များအား တင်ပြခဲ့ခြင်း မရှိခဲ့ပါ။၂၀၂၆ ခုနှစ်တွင်Revised Piling Design ပြန်လည်ဆောင်ရွက်နေပါသည်။ Downhole test ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ Companyမှ R3B ၏ Revised Piling Design ကို(၂၄.၉.၂၀၂၆) ရက်နေ့တွင် တင်ပြခဲ့ပြီးPresentation အား (၉.၁၀.၂၀၂၆) ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက် Structure comment များအား (၂၂.၁၀.၂၀၂၆ ) ရက်နေ့တွင် Mail ဖြင့် ပေးပို့အကြောင်းကြားခဲ့ပါသည်။
၁၀။ SOHO Office နှင့်ပတ်သက်၍ YCDC မှ HPBC သို့ Design စစ်ဆေးရန် ပေးပို့ ခြင်းမရှိသေးပါ။
R3 (A&B)
| (၁) အဆောက်အအုံအမည် | (၂) ထောက်ခံချက်ပေးပြီးခုနှစ် | (၃) ထောက်ခံချက်ပေးပြီးဆောင်ရွက်ခဲ့သောလုပ်ငန်း | (၄) ရပ်နားကာလ | (၅) ပြန်လည်တင်ပြသည့်ခုနှစ် | (၆) လက်ရှိဆောင်ရွက်နေမှုအခြေအနေ |
| R3 (A&B) | ၂၀၂၂ (Piling Recommendation) | Bored Pile (၃၂) လုံး | ၄ နှစ် | ၂၀၂၆ | Downhole test ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ Companyမှ R3B ၏ Revised Piling Design ကို(၂၄.၉.၂၀၂၆) ရက်နေ့တွင် တင်ပြခဲ့ပြီးPresentation အား (၉.၁၀.၂၀၂၆) ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက် Structure comment များအား (၂၂.၁၀.၂၀၂၆ ) ရက်နေ့တွင် Mail ဖြင့် ပေးပို့အကြောင်းကြားခဲ့ပါသည်။ |
R8 (A&B)
| (၁) အဆောက်အအုံအမည် | (၂) ထောက်ခံချက်ပေးပြီးခုနှစ် | (၃) ထောက်ခံချက်အတိုင်းမဆောင်ရွက်ခဲ့၍ Revised ပြန်တင်သည့်ခုနှစ် | (၄) HPBC မှ ပြန်လည်စီစစ်သည့်ခုနှစ် | (၅) ဒီဇိုင်းပြန်လည်ပြင်ဆင်၍နှောင့်နှေးခဲ့ရသည့်ကာလ | (၆) လက်ရှီပြီးစီးမှုအခြေအနေ |
| R8 (A&B) | Foundation - ၂၀၁၉ ၊ Superstructure - ၂၀၂၀ | ၂၀၂၄ | ၂၀၂၄ | ၄ နှစ် | R8A တွင် 6th to 7th Floor ထိ တည်ဆောက်ဆောင်ရွက်ပြီးစီးလျက်ရှိသည်။ R8B တွင် piling လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ |
Projects
-
RN-212 RecommendThe Central Yangon (FAMCP)
Yankin, Yangon
-
RN-205 In ProgressThe Central Yangon (R3)
Yankin, Yangon
-
RN-205 In ProgressThe Central Yangon (R8 A&B)
Yankin, Yangon
-
RN-205 RecommendThe Central Yangon R1 & R2
Yankin, Yangon